Home
|
Weekly Review
|
Search
|
List Blogs
|
Add Blog
|
Login
Geobulletin
alpha
News from the Geoblogosphere
by Stratigraphy.net
New from Snet:
Lithologs
, a new tool to create lithological/sedimentological logs online..
Blog post recommendation
မြေလွှာအုပ်စုများ ခွဲခြားခြင်းနှင့် ငလျင်အရှိန် တွက်ချက်မှုတန်ဖိုးများ စီစစ်ရှာဖွေခြင်း
တလောက ရန်ကုန်၌ လုပ်ဆောင်ထားသော မြေစူးစမ်း အစီရင်ခံစာ တခုဖတ်လိုက်ရသည်။ ထို အစီရင်ခံစာ၌ မာတိကာ စဉ်ထားသော်လည်း အားလုံးတစုတည်း ပြထားသောကြောင့် အစီအစဉ်ကျစေရန် စာရေးသူအနေဖြင့် အပိုင်း ၃ပိုင်း ခွဲရန် အကြံပေးလိုက်သည်။ ၁- မြေစူးစမ်းလုပ်ငန်းနှင့် စမ်းသပ်ချက် ရလဒ်များ၊ ၂- ငလျင်ကျရောက်နိုင်မှုအား စီစစ်ခြင်း၊ ၃- အဆောက်အအုံမြေဝင်၏ အင်ဂျင်နီယာဆိုင်ရာ တွက်ချက်မှုများနှင့် မြေပျော်မှု ဖြစ်စဉ် စမ်းစစ်ချက်များတို့ ဖြစ်သည်။ တကယ်တော့ မြေစူးစမ်းလုပ်ငန်း အစီရင်ခံစာသည် လုပ်ငန်းရှင်၊ အင်ဂျင်နီယာနှင့် မြေစူးစမ်းလုပ်ငန်းလုပ်ဆောင်သူတို့ အကြား ညှိနှိုင်းမှုများအလိုက် ပါဝင်ရန်လိုအပ်သည်ကိုသာ ဖေါ်ပြရန် ဖြစ်သည်။ အချို့လုပ်ငန်းများ၌ လုပ်ငန်းရှင်နှင့် အင်ဂျင်နီယာက မြေစူးစမ်းအချက်အလက်များသာ ဖေါ်ပြခိုင်းသည်။ ငလျင်ကျရောက်နိုင်မှုနှင့် ထိခိုက်ခံနိုင်မှု၊ အဆောက်အအုံမြေဝင်၏ အင်ဂျင်နီယာဆိုင်ရာ တွက်ချက်မှုများအား အင်ဂျင်နီယာကိုယ်တိုင် ဆောင်ရွက်သည်။ အချို့က မြေစူးစမ်းအချက်အလက်များနှင့် ငလျင်အခြေအနေဖေါ်ပြချက်များအား တောင်းသည်။ တွက်ချက်မှုများကို အင်ဂျင်နီယာက လုပ်သည်။ မြန်မာနိုင်ငံသည် ငလျင်၊ မုန်တိုင်း၊ တောင်ပြို စသည့် သဘာဝအန္တရာယ်များ ရှိနေသော တိုင်းပြည်ဖြစ်သည်။ နိုင်ငံ၏နေရာအလိုက် ထိုသဘာဝဘေးကြောင့် ထိခိုက်လာနိုင်မှုအား အင်ဂျင်နီယာက ထည့်သွင်းစဉ်းစား တွက်ချက်လေ့ရှိသည်။ ထိုအတွက်လိုအပ်သော စံချိန်စံညွှန်းများကိုလည်း ပြဌာန်းထားရန် လိုအပ်သည်။ ယခုမြန်မာ အဆောက်အအုံဆောက်လုပ်ရေး စဉ်းမျဉ်း Myanmar National Building Code, 2012(MNBC 2012) မူကြမ်း ထွက်ထားပြီး ထို ဆောက်လုပ်ရေး စဉ်းမျဉ်းအား ပြည်သူ့လွတ်တော်မှ မကြာမီ အတည်ပြုရန် ရှိသည်။ ထို MNBC 2012 သည် အပြည်ပြည်ဆိုင်ရာ အဆောက်အအုံဆောက်လုပ်ရေးစဉ်းမျဉ်း International Building Code, IBC 2009 နှင့် တူပြီး ငလျင်ဆိုင်ရာအခန်း၌ မြန်မာနိုင်ငံအတွက် ပြည်တွင်း ပညာရှင်များက ပြင်ဆင်ထားချက်များ ပါသည်။ ထိုအခါ မြေစူးစမ်းလုပ်ငန်းဆောင်ရွက်သူများနှင့် အင်ဂျင်နီယာများသည် ထိုစဉ်းမျဉ်းဥပဒေအတိုင် လိုက်ရပါလျှင် အခြားသော စံချိန်စံညွှန်းများကိုလည်း သိရှိ လိုက်နာရန် လိုအပ်လာသည်။ ပထမအချက်မှာ မြေသားအတန်းအစား ခွဲခြင်း Soil Classification နှင့် မြေလွှာအုပ်စုခွဲခြင်း Site Class တို့ ဖြစ်သည်။ MNBC 2012 ကညွှန်းသည့် မြေသားအတန်းအစားခွဲနည်းမှာ Unified Soil Classification System, USCS ဖြစ်သည်။ သို့သော်လည်း အချို့ မြေစူးစမ်းလုပ်ငန်းများ၌ British Standard, BS တခု ဖြစ်သော BS5930၊ BS1377 စသည်တို့၌ ပြဌာန်းထားသော မြေစူးစမ်းနည်းများအား သုံးနိုင်ကြောင်း ပြထားသေးသည်။ သို့သော် ထို BS5930၊ BS1377 တို့သည်ပင်လျှင် ယခုအခါ စမ်းသပ်နည်းတခုစီ၊ မြေသားနှင့် ကျောက်သား အမျိုးအစားများ ခွဲခြားပုံအလိုက် ISO၊ Eurocode သို့ ပြောင်းလဲ ကျင့်သုံးသောကြောင့် အင်ဂျင်နီယာများ၊ မြေစူးစမ်းလုပ်ငန်း ဆောင်ရွက်သူများနှင့် စီမံခန့်ခွဲသူများ သတိထားရန် ဖြစ်သည်။ မူရင်း IBC သည် သူနှင့် တွဲသုံးရန် ASTM၊ ASCE၊ ACI စသည့် စံသတ်မှတ်ချက်များအား ညွှန်းသည့်အလျောက် မြန်မာပြည်၌ ဆောင်ရွက်ကြမည့် အင်ဂျင်နီယာများးအနေနှင့် ထိုသတ်မှတ် ချက်များအား ရင်းနှီး ကျွမ်းကျင်ရန် လိုအပ်သည်။
Stratigraphy.net
|
Impressum
Ads: